မင်းလှ ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများကို ပြည်သူ့ဆေးရုံ၊ အမှတ် (၇)ရပ်ကွက်၊ ပြည်တော်သာအိုးအိမ်ဝန်ထမ်းအိမ်ယာသစ်၊ အ.ထ.က မင်းလှ မြို့ပြင်ကျောင်း၊ စစ်ကွင်း တိုက်နယ်ဆေးရုံ၊ အ.ထ.က စစ်ကွင်းကျောင်းတို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေးကောင်းမွန်သူ(၅၂)ဦး ဆေးရုံ ဆင်းခွင့်ရရှိကြောင်း သိရသည်။
မင်းလှပြည်သူ့ဆေးရုံမှ(၇)ဦး၊ အ.ထ.က စစ်ကွင်း isolation Ward မှ ကျန်းမာရေးကောင်းမွန်သူ (၄၅)ဦး စုစုပေါင်း(၅၂)ဦးကို မြို့နယ်ဆရာဝန်ကြီး ဒေါ်က်တာလှဝင်းနှင့် တာဝန်ရှိသူများက ကျန်းမာရေး ထောက်ခံချက် ဆေးလက်မှတ်များပေးအပ်ကာ မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့ နေအိမ်တွင် (၇)ရက်ကြာ နေထိုင်ရန်နှင့် ကျန်းမားရေးအသိပညာပေးစကားများ ပြောကြားပေးခဲ့ ကြောင်း သိရသည်။
ပေါက်စ မင်းလှ