နတ်တလင်း ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် မြို့မရပ်ကွက်၊ မင်းလမ်း အောင်မေတ္တာစိန်ရွှေရတနာဆိုင်မှ ယနေ့ နံနက်ပိုင်းက အနှေးယာဉ်လုပ်သားများအား စားသောက်ကုန် ပစ္စည်းများ လှူဒါန်းကြောင်း သိရသည်။
အဆိုပါ လှူဒါန်းရာတွင် နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း ခရီးသည်သွားလာမှု နည်းပါးနေ၍ စားဝတ်နေရေး ပြေလျော့စေရန် တစ်ဦးလျှင်ဆန်(၂)ပြည်၊ ကြက်ဥ (၁၀)လုံးစီဖြင့် အနှေးယာဉ်လုပ်သား(၃၈)ဦးအား စားသောက်ကုန်ပစ္စည်းများ လှူဒါန်းပြီး စုစုပေါင်း တန်ဖိုးငွေ(၁၇၁၀၀ဝ)ကျပ်ဖြင့် လှူဒါန်းကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အလှူရှင်များကိုယ်တိုင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထားထားဦး