ပဲခူးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Stay at Home ကာလတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ပဲခူး ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနအဖြစ် (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (Talk Show) အစီအစဉ်၌ ပဲခူးမြို့ စာရေးဆရာအသင်း အတွင်းရေးမှူး ဦးထိန်လင်း (လင်းအရုဏ်ဦး-ပဲခူး) က Stay at Home  ကာလအတွင်း စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများအား အသိပညာ ဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးငြိမ်း