မုံးကိုး ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၇)ဦးအထိ ရှိလာ၍ အခြားမြို့များမှ လာရောက်သူများအား RDT Test Kit ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အခြားမည်သည့်မြို့မှ လာရောက်သည်ဖြစ်စေ မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ RDT Test Kit ဖြင့် စစ်ဆေးပြီး မြို့အတွင်းဝင်ရောက်ခွင့်ပြုကြောင်း သိရသည်။ မုံးကိုးမြို့တွင် နေထိုင်သူများမဟုတ်ပါက Test Kit ဖြင့် စစ်ဆေးပြီး Negative အဖြေထွက်သော်လည်း အခြားမည်သည့်မြို့က လာသည်ဖြစ်စေ Home Quarantine (၁၄)ရက် မိမိအိမ်၌ နေထိုင်ရမည်ဖြစ်ကြောင်း မြို့ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီက နှိုးဆော်ထားကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)