သုံးခွ ဇူလိုင် ၁၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သုံးခွဖက်ကလစ်ရိုး သဘာဝ ရေပြင်နှင့် အမှတ် ၉ ရပ်ကွက် ဥက္ကံတံတား၊ (မှော်ဝင်းချောင်း)အတွင်း ယနေ့ နံနက် ၉ နာရီက ငါးသားပေါက် အကောင်ရေ (၆၀၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရ သည်။
ငါးမျိုးစိုက်ထည့်ရာတွင် သုံးခွဖက်ကလစ်ရိုး သဘာဝရေပြင်တွင်(ထိုင်း) ငါးခုံးမအကောင်ရေ (၃၀၀၀၀၀)နှင့် အမှတ် ၉ ရပ်ကွက် ဥက္ကံတံတား၊ မှော်ဝင်းချောင်းအတွင်း ငါးမြစ်ချင်း ကောင်ရေ (၃၀၀၀၀၀) စုစုပေါင်း ငါးအကောင်ရေ(၆၀၀၀၀၀)အား ငါးသယံဇာတ မပြုန်းတီး ရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစားသုံးမှုမြင့်မားလာစေရေးအတွက် ငါးမျိုးစိုက်ထည့်ပေးခဲ့ ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင် ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွဋ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဋ္ဌ ဦးသိန်းစိုး၊ ခရိုင်ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ငါးသားပေါက်များ လွှတ်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း