မြို့နယ် ကိုဗစ် ကော်မတီမှ Volunteer များအား အ‌ခြေခံ စားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေး

ကျောင်းကုန်း ဇူလိုင် ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Volunteer များအား အခြေခံစားသောက်ကုန်()မျိုး ထောက်ပံ့ပေးအပ် ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့မွန်းလွဲ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

 

ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံမှလုပ်သားများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသင်္ဂြိုလ် စက်နှင့်ဂရုဏာနာရေးအဖွဲ့ စုစုပေါင်း(၃၆)ဦးအား တစ်ဦးလျှင် ဆန်()ပြည်၊ ဆီ()ပိဿာ၊ ကြက်ဥ (၁၀)လုံး၊ ကြက်သွန်နီ()ပိဿာ၊ ကြက်သွန် ဖြူ()ပိဿာစီပေးအပ်ရာ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။ ကျောင်းကုန်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါ (၃၀)ဦးအား စစ်ဆေးရာ အတည်ပြုလူနာ(၂၃)ဦး တွေ့ရှိခဲ့ပြီး၊ အတည်ပြုလူနာပေါင်း(၃၀၀)ဦး ရှိပြီဖြစ်သည်။ကျန်းမာစွာဖြင့် ဆေး ရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၉၂)ဦးရှိပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသူ(၂၀၄)ဦးရှိသည်။ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းကုန်းမြို့တွင်သေဆုံး သူ()ဦးရှိပြီဖြစ်ရာ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေထိုင်မှသာ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင် မည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းကြိုင်