သိန္နီ ဇူလိုင် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ အောက်ဆီဂျင် (၄၀)လီတာဆန့်(၅)လုံး၊ PPE (၇၀)စုံ၊ Gown (Level-2)(၅၀)ခု၊ Vitamin C (၃၀)ဘူး၊ Vitahome (၅)ဘူး၊ Hand Gel (၇၂)ဘူး၊ Mask(၄၈၀၀)ခု၊ Cap (၂၀၀)ခု၊ ပိုးသတ်ဆေး(၄၀)ဘူး၊ ကြက်ဥ(၃၀၀) လုံး၊ ရွှေဖီဦး လက်ဖက်ရည် ထုပ်(၁)ဖာတို့ကို ယနေ့ နံနက် (၁၀)နာရီအချိန်ခန့် က မြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လှူဒါန်းရာတွင် ယခုအချိန်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြှင့်တက်နေ သဖြင့် ပြည်သူလူထုအတွက် အထောက်အကူပြုပစ္စည်းဖြစ်သည့် အောက်ဆီဂျင်ဘူး(၄၀)လီတာဆန့် (၅)လုံးနှင့်အတူ အခြားသော အသုံးအဆောင်များ၊ အာဟာရပြည့်စေမည့် ဆေးများ၊ ကြက်ဥနှင့် ရွှေဖီဦး လက်ဖက် ရည်ထုပ်များကို အရှေ့မြောက် တိုင်းစစ်ဌာနချုပ် ကိုယ်စားသိန္နီတပ် နယ်မှ တပ်ရင်းမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တို့မှ ပေးအပ်လှူဒါန်း ရာ သိန္နီမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်မိုးအောင်နှင့် မြို့မိမြို့ဖ များက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
အိဇာချို