တောင်တွင်းကြီး ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုမြင့်မားနေ သည့် ကာလအတွင်း အောက်ဆီဂျင် လိုအပ်နေသော လူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေး နိုင်ရန်အတွက် စိတ္တသုခ လူမှုကူညီရေးအသင်းမှ ကျပ်သိန်းတစ်ရာ့ငါးဆယ် မတည်၍ အောက်ဆီဂျင် စက်ရုံ အလတ်စား တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
“စက်အထိုင်ဧရိယာ ၂၄ ပေ ၈ ပေ အကျယ်ရှိတဲ့ အောက်ဆီဂျင် ထုတ်လုပ်တဲ့ စက်ကို အလတ်စား လောက်ဝယ်ယူမှာပါ။ တစ်နေ့ကို 40 Liter အိုး (၄၀)လုံး မှ (၆၀)လုံးထိ ထုတ်လို့ရမယ့် ကျပ်သိန်း(၅၀၀) ခန့်ရှိတဲ့ စက်ဝယ်ဖို့ ခန့်မှန်းထား ပါတယ်။ 40 Liter အိုးအလွတ် အလုံး(၅၀)အတွက် သိန်း(၁၅၀)နဲ့ 100 KVA ထရန်စဖော်မာအတွက် သိန်း(၁၀၀) စုစုပေါင်း ကျပ်သိန်း(၇၅၀)လောက် မှန်းထားပါ တယ်။ လက်တလောထိတော့ သိန်းလေးရာကျော် အလှူခံရရှိ ထားပါပြီ။ အသင်းက မတည်ငွေ သိန်း(၁၅၀)နဲ့ဆို သိန်း(၅၅၀)လောက်ရှိနေပါ ပြီ။ အခုပိတ်ရက်တွေပြီးလို့ ဘဏ်တွေဖွင့်တာနဲ့ စက်က မှာတော့မှာပါ။ (၄၅)ရက်အတွင်း ပြီးစီးအောင် တည်ဆောက်သွားမှာပါ” ဟု တောင်တွင်းကြီး မြို့နယ် စိတ္တသုခ လူမူကူညီရေးအသင်း ဒု-ဥက္ကဋ္ဌ(၁) ဦးကျော်သာထက်က ပြောကြားသည်။
စိတ္တသုခ လူမှုကူညီရေးအသင်းအနေဖြင့် လက်တလော အောက်ဆီဂျင်အခမဲ့ ဖြန့်ဝေပေးနေမှုကို တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ တောင်တွင်းကြီးမြို့နယ်နှင့် နီးစပ်သည့် မကွေးမြို့နယ်အတွင်းမှ ကျေးရွာများ၊ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်နှင့် မိချောင်းရဲနယ်ထိ ဖြန့်ဝေပေးနေရပြီး ယခုတည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံ ပြီးစီးသွားပါ က တောင်တွင်းကြီးမြို့နယ်အတွက် လိုအပ်သည့် အောက်ဆီဂျင်ကို လုံလုံ လောက်လောက် အခမဲ့ဖြန့်ဝေ ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
အေးမိုးမိုးမြင့်