မိုင်းယောင်းတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ထောက်ပံ့ငွေနှင့် ပစ္စည်းများလှူဒါန်း

မိုင်းယောင်း ဇူလိုင် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလှူရှင်များက မြို့နယ် ကြက်ခြေနီ အသင်းသို့ ယမန်နေ့တွင် လာရောက်လှူဒါန်းကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး ထံမှ သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေး ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ဆေးဖျန်းခြင်းလုပ်ငန်းများကို ပြည်သူအတွက် ရှေ့တန်းနေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်နေသော မြို့နယ်ကြက်ခြေနီ အသင်းအတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဒေါ်မိုးမိုး မိသားစုက အလှူငွေကျပ်တစ်သိန်း၊ Cheese Bike မော်တော်ဆိုင်ကယ်အသင်းက ၁၄၀၀၀၀ ကျပ်၊ အမှတ်(၈)ရပ်ကွက်မှ ဦးနန်ခမ်းငင်း မိသားစုက ကျပ်တစ်သိန်းနှင့် Mask ငါးဗူး အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း