ပင်လောင်း ဇူလိုင် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ်၌ ဇူလိုင် ၂၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (PCR -Result- ၉ ဦး အပါအဝင်) စုစုပေါင်း ၁၃ ဦး ထပ်မံတွေ့ ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံမှ သိရသည်။
ယနေ့တွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများသည် ပင်လောင်းမြို့ အနောက်ရပ်ကွက်မှ အမျိုးသား နှစ်ဦး၊ အမျိုးသမီး သုံးဦး၊ ညောင်ရွှေမြို့နယ် ရွာကြီးမြောက် အထက်ပိုင်းလိပ်စာဖြင့် နောင်တရားမြို့တွင်အမျိုးသား တစ်ဦး၊ ထီရီးကျေးရွာဘုန်းကြီးကျောင်းမှ ရှင်သာမဏေ နှစ်ပါး၊ ပေါင်းလောင်းမြို့ ထိန်ပင်ကျေးရွာအုပ်စု လက်ပံတကဲ ရွာမှအမျိုးသမီး တစ်ဦး၊ လုံးထိုရွာမှ အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း အတည်ပြုလူနာ ၁၃ ဦး ထပ်မံတွေ့ရှိခဲ့သည်။
ပင်လောင်းမြို့နယ်တွင် ဇွန် ၃၀ ရက်မှ ဇူလိုင် ၂၀ ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၁၇၀ ဦး တွေ့ရှိခဲ့ပြီး ယနေ့အချိန်ထိ ဆေးရုံဆင်းခွင့် ရရှိသူ ၅၉ ဦး ရှိပြီဖြစ်ရာ ကျန်ရှိနေသော အတည်ပြုလူနာများဖြစ်သည့် ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အမျိုးသား-၁၅ ဦး၊ အမျိုးသမီး-၂၅ ဦး၊ ဆောင်းပြောင်းတိုက်နယ်ဆေးရုံတွင် အမျိုသား လေးဦး၊ အမျိုးသမီး ခြောက်ဦး၊ နောင်တရား တိုက်နယ်ဆေးရုံတွင် အမျိုးသား ငါးဦး၊ အမျိုးသမီး နှစ်ဦး၊ တီကျစ်တိုက်နယ်ဆေးရုံတွင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂၁ ဦးနှင့် ပေါင်းလောင်းတိုက်နယ်ဆေးရုံတွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီး ကိုးဦး တို့အား သက်ဆိုင်ရာ ဆေးရုံများ၏ သီးသန့်ဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိပြီး သေဆုံးသူ သုံးဦးရှိပြီဖြစ် ကြောင်း၊ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ ကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာများတွင် ၁၀ ရက်ကြာ ကျန်းမာရေး စောင့်ရှောက်ထားရှိမည်ဖြစ်ကြောင်းနှင့် ထိတွေ့ဆက်စပ်သူ များကိုလည်း ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။