ကျောက်ပန်းတောင်း၊ ဇူလိုင် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ဇူလိုင်(၁၈)ရက်နေ့ နံနက်(၉)နာရီမှ ညနေ (၃)နာရီအထိ သံသယလူနာမျာကို RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ၊ကိုဗစ်-၁၉ ကူးစက်လူနာအသစ် (၁၁)ဦးထပ်မံတွေ့ရှိခဲ့ ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့လူနာများမှာ အမျိုးသား(၃)ဦးနှင့်အမျိုးသမီး(၈)ဦးဖြစ်ပြီး၊ ၎င်းတို့အား ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်စေရန်အတွက် ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ကျား(၁)ဦး၊ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းတွင် ကျား (၂)ဦး၊ မ(၈)ဦးတို့ကို ပို့ဆောင်ထားရှိပြီး၊ ၂၀၂၁ခု၊ ဇူလိုင်(၁၈)ရက်နေ့အထိ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ကျား(၆၅)ဦးနှင့်မ(၅၀)ဦး ပေါင်း (၁၁၅)ဦးရှိသည့် အနက်မှ ဆေးရုံဆင်းခွင့်ရရှိသူ(၂)ဦး၊ သေဆုံးသူ(၃)ဦးရှိ ပြီး၊ လက်ရှိ ဆေးရုံတက်ရောက်နေသူ ကျား(၆၂)ဦးနှင့်မ(၄၈)ဦး စုစုပေါင်း(၁၁၀)ဦး ရှိကြောင်း သိရသည်။
နေအောင်