ဘီးလင်း ဇူလိူင် ၁၉
သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အထပ်သားစက်ရုံ အဆောင်တွင် နေထိုင်ကြသူများအနက်မှ ကျား(၁၀)ဦး၊ မ(၁၁)ဦးတို့တွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် စက်ရုံအား ယနေ့မှစ၍ အသွားအလာကန့်သတ်နေရာအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါစက်ရုံတွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူ ၂၁ ဦးရှိပြီးပိုးတွေ့လူနာများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြတ်ကျော် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး စက်ရုံအား ဇူလိုင် ၁၉ ရက်နေ့ နံနက် ၆ နာရီမှစတင်ကာ (၁၄) ရက်ကြာ အဝင်အထွက် ကန့်သတ်နယ်မြေ အဖြစ် တားမြစ်ပိတ်ပင်ခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဘီးလင်း(ပြန်/ဆက်)