လွိုင်လင် ဇူလိုင် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင် ၊ လွိုင်လင်မြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက လွိုင်လင်မြို့ ခုတင် ၂၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံးကြီးရှိ Oxygen Plant -1 Unit အား လည်ပတ်နိုင်ရေးနှင့် နမ့်စန်မြို့ဆေးရုံဝင်းအတွင်း၌ Oxygen Plant စက်အသစ်(၁)လုံး ဝယ်ယူတပ်ဆင်အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကြောင်းသိရသည်။
အဆိုပါအစည်းအဝေးသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇောဇော်နိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်၊၊ ထို့နောက် လွိုင်လင်တပ်နယ်မှူး ၊ နမ့်စန်တပ်နယ်မှူး နှင့် လင်းခေး တပ်နယ်မှူး တို့က လုံခြုံရေးဆိုင်ရာကိစ္စများ ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ၊ ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းများကို အသီးသီးဆွေးနွေး တင်ပြကြသည်၊၊
ဆက်လက်၍ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား ဒုခရိုင်အုပ်ချုပ်ရေးမှူး တို့က မိမိတို့ခရိုင် အတွင်းရှိ မြို့နယ်များ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ၊ ရောဂါပိုးတွေ့ရှိသူဦးရေ ၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူဦးရေနှင့် သေဆုံးသူဦးရေ စသည်များကိုရှင်းလင်တင်ပြကြသည်။ ယင်းနောက် လွိုင်လင်မြို့ ခုတင် ၂၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံးအုပ်ကြီး ဒေါက်တာ နေလင်းဆွေက လက်ရှိ Oxygen Plant အသုံးပြုနိုင်မှု အခြေအနေများကို လည်းကောင်း လင်းခေးခရိုင် ကျန်းမာရေးဦးစီးဌာနမှူး က လင်းခေးခရိုင် အတွင်း ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် အောက်စီဂျင်အိုး လိုအပ်ချက် များကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။ ဆက်လက်၍ လွိုင်လင် မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး တို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ ကို အသီးသီးတင်ပြကြသည်။ ယင်းနောက် အစည်းအဝေးသို့တက်ရောက် လာကြသည့် လွိုင်လင် ၊ ပင်လုံ ၊ နမ့်စန် ၊ ခိုလမ် တို့မှ ပရဟိတအဖွဲ့ တာဝန်ရှိသူများ မှမိမိတို့လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ၊ လိုအပ်ချက်များ၊ ကြုံတွေ့ရသည့်အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းတင်ပြရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး က ပြန်လည်ဆွေးနွေးပြီး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)