လပွတ္တာ ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊ ၃မိုင်မြို့သစ် ခုတင် (၂၀၀)ဆံ့ပြည် သူ့ဆေးရုံကြီးသို့ အလှူရှင်များ လှူဒါန်းသည့် အောက်ဆီဂျင်အိုးများကို ယမန်နေ့ ညနေ ၄ နာရီက ရောက်ရှိကြောင်း သိရသည်။
အဆိုပါ လိုအပ်လျက်ရှိသည့်အောက်ဆီဂျင်အိုးများကို လပွတ္တာမြို့နယ်၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းမှ ကိုဇော်လေးနှင့်ဇနီး မခင်စိုးစိုးကျော် မိသားစုနှင့် အလှူရှင်များမှ အောက်ဆီဂျင် 40 L ဆံ့ အိုးကြီး (၂၂)လုံးအား လည်းကောင်း၊ ရန်ကုန်မြို့မှ ဦးကျော်အေးမြင့်နှင့် ဦးသိန်းဝင်း၊ လပွတ္တာမြို့မှ ဦးညွန့်ရွှေ (အောင်ထိုက်သူ ဂဏန်းလုပ်ငန်းနှင့် ညွန့်မြန်မာဆန်စက်)၊ ဦးနိုင်ဦး၊ ဦးချစ်ဝင်း(ဧရာမွန်)၊ ကိုသက်နိုင်(ပရဟိတလုပ်ကိုင်သူ) တို့မှ အောက်စီဂျင် 40L ဆံ့အိုးကြီး (၁၄)လုံး၊ စုစုပေါင်း (၃၆)လုံးအားလှူဒါန်းခဲ့ရာ လပွတ္တာမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများမှ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာခံစားနေရသော ဝေဒနာရှင်များအတွက် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးတွက် ဝိုင်းဝန်းလှူဒါန်းခဲ့