ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ဗိမ္မာန်တွင်ဖွင့်လှစ်ထားရှိသည့် Quarantine Centre ရှိ Contact လူနာများအနက်မှ ရောဂါပိုးမတွေ့ရှိသည့်သူများအား နေအိမ်သို့ပြန်လည်စေလွှတ်

ပျဉ်းမနား ဇူလိုင် ၁၉
ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ဗိမ္မာန်တွင် ဖွင့်လှစ်ထားရှိသည့် Quarantine Centre ရှိ Contact လူနာများအနက်မှ RDT (၁)ကြိမ်စစ်ဆေးပြီး PRC(အာခေါင်တို့ဖတ်) ဓာတ်ခွဲစစ်ဆေးရာ တွင်လည်း COVID-19 ရောဂါပိုးမတွေ့ရှိသည့် ကျား(၂၂)ဦးနှင့် မ(၁၉)ဦး စုစုပေါင်း(၄၁)ဦးတို့အား ကျန်းမာရေးထောက်ခံချက်များထုတ်ပေးကာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ သတင်းပေးပို့ပြီး မိမိနေအိမ်တွင် Stay at Home နေထိုင်စေရေးအတွက် ယမန်နေ့က နေအိမ်များသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ကန့်သက်ရက်ပြည့်ကာ RDT (၂)ကြိမ်စစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိသည့် ကျား(၃၅)ဦးနှင့် မ(၅၀)ဦး စုစုပေါင်း(၈၅)ဦးတို့ကို ကျန်းမာရေးထောက်ခံချက်များထုတ်ပေးကာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ သတင်းပေးပို့ပြီး မိမိနေအိမ်တွင် Stay at Home နေထိုင်စေရေးအတွက် နေအိမ်များသို့ ပြန်လည်စေလွှတ်ခဲ့ပြီး ၎င်းတို့အား PRC (အာခေါင်တို့ဖတ်) ဓာတ်ခွဲစစ်ဆေးခြင်းကို ဇူလိုင်လ ၁၉ ရက်နေ့တွင် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဖြိုး(ပြန်/ဆက်)