သထုံ ဇူလိုင် ၁၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဇူလိုင်လ ၁၈ ရက်၊ နံနက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅၀ ဦး ထပ်တိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အဖွဲ့မှ သိရသည်။
သထုံခရိုင်ပြည်သူ့ဆေးရုံကြီး Fever Clinic တွင် ကိုဗစ်-၁၉ ရောဂါ သံသယ လူနာ ၆၂ ဦးအား (RDT) Test kits ဖြင့် စစ်ဆေးရာ သထုံမြို့နယ်အတွင်းမှ အမျိုးသမီး ၂၃ ဦးနှင့် အမျိုးသား ၂၇ ဦး၊ စုစုပေါင်း ၅၀ ဦးတို့ထံ၌ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
သထုံမြို့နယ်တွင် ဇွန်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူပေါင်း ၃၄၅ ဦးရှိပြီဖြစ်ပြီး ပိုးတွေ့လူနာ တွေ့မှုရှိနှုန်း မြင့်မားနေသောကြောင့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင် ရန် (Stay at Home) အဖြစ်သတ်မှတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါပိုးတွေ့အတည်ပြုလူနာများကို သထုံမြို့၊ ကြာပန်းကျေးရွာရှိ အမှတ်(၈) စက်မှုသင်တန်းကျောင်း (တာယာစက်ရုံ) ၌ ဖွင့်လှစ်ထားသည့် Isolation Ward (2) ၌ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုကိုဦး