ဝန်းသိုမြို့နယ်ရှိ ကျေးရွာပေါင်း ၁၇ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Jul 23,2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကောလင်းခရိုင် ဝန်းသိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုအခြေပြုစနစ်ဖြင့် ကျေးရွာလူထုအား စွမ်းဆောင် ရည်မြင့်မားစေရန်နှင့် ကျေးလက်ဒေသအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် Village Development Project ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ကျေးရွာပေါင်း ၂၅ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ ကျေးရွာ ပေါင်း ၁၇ ရွာတို့တွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေး လက် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။