သတင်းများ

ချောင်းဆုံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများနှင့် မြို့နယ်အဝင်အထွက်လမ်းဆုံတွင် စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 23,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက စတင်၍ လူသွားလာ သည့်နေရာများ လမ်းဆုံလမ်းခွနှင့် မြို့အဝင်က ညှော်ကျေးရွာလမ်းဆုံနှင့် နှီးမုတ်၊ ကမာမို၊ ဒေါင်းဥ၊ ဘိုးနက်ကျေးရွာ တို့တွင် အသိပညာပေးလုပ်ငန်းများ နှိုးဆော်ခြင်း ကိုဆောင်ရွက်ခဲ့သည်။
မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်
Jul 23,2021
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူလူထုများ သိရှိလိုက်နာဆောင်ရွက် ရမည့် အချက်များအား ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် တပင်ရွှေထီးလမ်း တစ်လျှောက် မြို့ပေါ် ကွန်ကျိုင်း ၊ဈေးတန်းရပ်ကွက်နှင့် မွေတော်ရပ်ကွက်အတွင်း အသံချဲ့စက် ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ပို့တွေ့ရှိရပြီး စိုးရိမ်ရခြင်းမရှိသည့် လူနာများအား ထားရှိ မည့် သီးသန့် Quarantine Centre နေရာပြင်ဆင်ထားရှိ
Jul 23,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ရှိရပြီး အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိသည့် လူနာများအား ထားရှိရန်အတွက် အမှတ် ( ၄) ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် သီးသန့် Quarantine Centre အဖြင့် အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ယနေ့ နံနက်( ၁၀)နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးဦးသန်းကျော်သူနှင့် ကမမောင်းမြို့ ပြည်သူ့ဆေးရုံ တာဝန်ခံ ဒေါက်တာဆုရဲထက်၊ မြို့မိ၊မြို့ဖများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကျိုင်းတုံမြို့ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေး
Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား မနေ့က ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူ များ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးစိုးလွင်၊ ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရပ်ကွက်များတွင် ဖွင့်လှစ်မည့် Quarantine  Centre ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Jul 23,2021
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃)၊ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များသည် ဘားအံမြို့ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်များရှိ အခြေခံပညာကျောင်း များတွင်  သံသယလူနာများထားရှိမည့် Quarantine  Centre ဆောင်ရွက်ထားမှု အခြေအနေများကို ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်အတွင်း အောက်ဆီဂျင်ပြတ်လပ်မှု မရှိရေး ဆောင်ရွက်လျက်ရှိ
Jul 23,2021
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဝေဒနာခံစားနေရသူများ၊ ဖျားနာနေသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်များ အချိန်မရွေးရရှိနိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အောက်ဆီဂျင်ပြတ်လပ်မှု မရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ၊ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မက်မန်းမြို့နယ် တာကော်လေး၌ ကိုဗစ်-၁၉ အတည်ပြုလူနာထားရှိရန် နေရာတွင် သန့်ရှင်းရေးဆောင်ရွက် ထားရှိမှု၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး၊ ကုသရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ အသံချဲ့စက်ဖြင့် လှည့်လည်​ကြေညာ
Jul 23,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့ပေါ် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်​ကြေညာခဲ့ကြသည်။