မြို့သစ်မြို့နယ်၌ မျိုးသန့် မျိုးစေ့ ပျိုးပင်များထောက်ပံ့ပေးအပ်
Jul 25,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးမြေဆီလွှာဖွံ့ဖြိုးတိုးတက် ရေးနှင့်သီးနှံစိုက်ပျိုးမှုပုံစံ မှန်ကန်စေရေးရည်ရွယ်လျက် တောင်သူပူးပေါင်းပါဝင်သော စိုက်ပျိုး ပညာပေးလုပ်ငန်းအစီအစဉ်ဖြင့် သီးနှံပုံစံ စံပြကွက်များ၊ မျိုးသန့်ပွားစိုက်ခင်းများဆောင်ရွက်ရန် အတွက် ကျေးရွာ(၂၉)ရွာမှ အကျိုးဆောင်ပေါင်းစပ်တောင်သူ (၁၄၉)ဦးအား စိုက်ပျိုးပညာပေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် မျိုးသန့် မျိုးစေ့ ပျိုးပင်များအား ယခုနှစ် ဇူလိုင်လအတွင်း စိုက်ပျိုးချိန် ရာသီအလိုက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။