မက်မန်း ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ၊ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မက်မန်းမြို့နယ် တာကော်လေး၌ ကိုဗစ်-၁၉ အတည်ပြုလူနာထားရှိရန် နေရာတွင် သန့်ရှင်းရေးဆောင်ရွက် ထားရှိမှု၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး၊ ကုသရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က တာကော်လေးနေရာတွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာထားရှိမည့်နေရာအား ကြိုတင် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူ ဆရာ/ ဆရာမများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်သည် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာထားရှိနိုင်ရန် နေရာကြိုတင် ပြင်ဆင်ထားရှိမှုများကို မက်မန်းမြို့နယ်တွင် (၂)နေရာ ကြိုတင်ပြင်ဆင်ထားရှိသည့်အပြင် ယခုနေရာသည် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၂၀)ဦးအတွက် ထားရှိရန် တတိယနေရာ ပြင်ဆင်ထားရှိသည့် နေရာဖြစ်ကြောင်း သိရသည်။
ပန်းကျင်