မောက်မယ် ဇူလိုင်၂၃
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူလူထုများ သိရှိလိုက်နာဆောင်ရွက် ရမည့် အချက်များအား ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် တပင်ရွှေထီးလမ်း တစ်လျှောက် မြို့ပေါ် ကွန်ကျိုင်း ၊ဈေးတန်းရပ်ကွက်နှင့် မွေတော်ရပ်ကွက်အတွင်း အသံချဲ့စက် ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
ယခုအခါ မောက်မယ်မြို့နယ်အတွင်း ဇူလိုင်(၁၈)ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသည့် အတည်ပြုလူနာပေါင်း(၂၃)ဦးရှိခဲ့သဖြင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မခံရစေရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးလမ်းညွှန်ချက်များနှင့် အညီ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်း Mask တပ်ခြင်း ၊ စနစ်တကျ လက်ဆေးခြင်း ၊ လူစုလူဝေးရှောင်ရှားခြင်း ၊ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာ ရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသကြရန် လိုအပ်ကြောင်း စသည့်အချက်(၁၁)ချက်အား မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရန် အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ရဲ တပ်ဖွဲ့ ၊ မြို့နယ်ပြန်ကြားေရးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့ပေါ်(၃)ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခဲ့ပြီးနောက် ကျန်ရှိသည့် ရပ်ကွက်များအားစဉ်ဆက်မပြတ် အသိပေးနှိုးဆော်သွားပေးမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်