ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးစိုးလွင်၊ ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရပ်ကွက်များတွင် ဖွင့်လှစ်မည့် Quarantine  Centre ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ဘားအံ  ဇူလိုင် ၂၃

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃)၊ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များသည် ဘားအံမြို့ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်များရှိ အခြေခံပညာကျောင်း များတွင်  သံသယလူနာများထားရှိမည့် Quarantine  Centre ဆောင်ရွက်ထားမှု အခြေအနေများကို ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကရင်ပြည်နယ် ဘားအံမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားမှုကြောင့် အတည်ပြုလူနာ များ၊ ရောဂါဝေဒနာပြင်းထန်သည့် လူနာများကို ဘားအံပြည်သူ့ဆေးရုံ၊ တိုင်းရင်းဆေးရုံ၊ နည်းပညာ အထက်တန်းကျောင်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပြီး ရပ်ကွက်/ကျေးရွာ များမှ သံသယဖြစ်ဖွယ်လူနာများ၊ ကိုဗစ်-၁၉ ရောဂါလက္ခဏာဖြင့် နေထိုင်မကောင်းသူများ၊ Stay at Home မြို့နယ်မှ ပြန်လာသူများအား  ထားရှိမည့် Quarantine  Centre များ ဆောင်ရွက်ထားရှိမှု အခြေအနေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင် ရွက်ထားခြင်းရှိ/မရှိ ၊ နေရာထိုင်ခင်းများ ပြင်ဆင်ထားရှိမှု၊ ရေချိုးခန်း၊ အိမ်သာ နေရာများ ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည့် များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) ၊ ခရိုင် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်စုပေါင်းရုံးရှေ့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဆောင်ရွက်နေမှုများဖြစ်သည့်   ပြည်သူများ သွားလာရာတွင် Mask (နှာခေါင်းစည်း) တပ်ဆင်ထားမှုရှိ/မရှိနှင့် အပြင်ထွက်ရာတွင် ယူဆောင်ရမည့် ပြင်ပထွက်ခွာ ခွင့်ကတ်ပြား  ပါ/မပါ စစ်ဆေးခြင်းများ ဆောင်ရွက်နေခြင်းကို သွားရောက်စစ်ဆေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။