ကျိုင်းတုံမြို့ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေး

ကျိုင်းတုံ  ဇူလိုင် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား မနေ့က ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူ များ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ဇူလိုင် ၂၁ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၄)ရပ်ကွက်မှ နေအိမ် ၃ လုံးနှင့် ယန်းလောကျေးရွာမှ နေအိမ် ၃ လုံး စုစုပေါင်း နေအိမ် ၆ လုံး ရေတိုက်စားပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု ၆ စု ၊ လူဦးရေ (၃၄)ဦး ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့် နေအိမ် ၆ လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀ ၊ ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး၊ လူဦးရေ ၃၄ ဦးအတွက် ဆန်ရိက္ခာ ၇ ရက်စာ ငွေကျပ် ၇၁၄၀၀ အား ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာနမှူး ဦးကံထူးနှင့် ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်