အမာမြို့တွင် ကိုဗစ်-၁၉ ရောဂါသံသယရှိသူလူနာများအတွက်ကုသရေး စင်တာပြင်ဆင် ဆောင်ရွက်

အမာ   ဇူလိူင်   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ၌  ကိုဗစ် -၁၉ သံသယရှိသူ အနံ့ပျောက် လူနာများတွေ့ရှိလာပါက  သီးသန့်ထားရှိရန် နေရာအခက်အခဲ မရှိစေရေးအတွက် ယမန်နေ့ နံနက်က(၈)နာရီခန့်တွင် အမာမြို့၊  ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့်အမာမြို့၊ ဖြူစင်မေတ္တာပရဟိတအဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားသော တန်ဖိုးရှိသော တွဲလက်များ အဖွဲ့က အမာမြို့(၃)ရပ်ကွက်ရှိ ရှယ်လ်တာအဆောက်အဦကို ပြင်ဆင်ဆောင်ရွက် ခဲ့ကြောင်းသိရှိရသည်။

အမာမြို့တွင် ဇွန်လမှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူများ စတင်တွေ့ရှိခဲ့ပြီး ပိုးတွေ့သူနှင့်ထိစပ်သူများ၊ အနံ့ပျောက်လူနာများကို သီးသန့်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးပြင်ဆင်ခြင်းဖြစ်ကြောင်းသိရှိရသည်။

ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးက ဦးဆောင်၍ တာဝန်ရှိသူ များက  အဆောင်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ   စု‌ပေါင်း သန့်ရှင်းရေးနှင့် လိုအပ်သော  ပြင်ဆင်ဆောင်ရွက်မှုများ  ပြုလုပ်ခဲ့ကြကြောင်း  သိရသည်။

အမာ(ပြန်/ဆက်)