မေတ္တာ ဇူလိူင် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊မေတ္တာမြို့တွင်မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ထားဝယ်-မေတ္တာလမ်းပိုင်းအတွင်းရှိ လမ်းများရေကြီးရေလျှံမှုနှင့် ပျက်စီးမှုရှိ/မရှိ ယမန်နေ့နံနက်၁၀နာရီအချိန်ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင်မေတ္တာမြို့မြို့အုပ်ချုပ်ရေးမှူးဦးသူရထွန်းဦးဆောင်သောအဖွဲ့က မေတ္တာထားဝယ်လမ်းပိုင်းအတွင်းရှိ လမ်းများရေကြီးရေလျှံမှုနှင့်ပျက်စီးမှု ရှိမရှိကွင်းဆင်းစစ်ဆေးရာကြရာ အမှတ်(၃)ရပ်ကွက်၊ကျောက်မဲတောင်ကျေးရွာ၊ တောင်သုံးလုံးကျေးရွာ၊ ဖွတ်လက်တို-ဝဇွမ်းချောင်းကျေးရွာလမ်းပိုင်းတို့တွင် ကားလမ်းမကြီး ပေါ်ရေလျှံမှုအနည်းငယ်ဖြစ်ပေါ်နေသဖြင့် ရေစီးရေ လာကောင်းမွန်ရေးအတွက် စက်ယန္တရားများဖြင့်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။