အုတ်တွင်း ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ဒေသခံပြည်သူများအား ဇူလိုင်လ ၃၁ရက်နေ့မှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက စျေးရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၊ ကျွဲပွဲအခြေခံပညာအထက်တန်းကျောင်း တို့တွင် ယမန်နေ့နံနက်(၇)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကိုစုရပ်(၂)ရပ် သတ်မှတ်ကာ အဖွဲ့(၁၀)အားဖွဲ့စည်းပြီး၊ အဖွဲ့(၁၀)မှအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေး ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးမှုများ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ပထမဦးစားပေး အသက်၆၅နှစ်နှင့်အထက် အသက်အရွယ်ကြီးသူများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် တာဝန် ထမ်းဆောင်နေသော ကာကွယ်ဆေးမထိုးရသေးသော နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပုဂ္ဂလိကျန်းမာရေးဝန်ထမ်းများ၊ Volunteer/ ပရဟိတအသင်းအဖွဲ့များ အားကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကထုတ်ပြန်ထားသော ဦးစားပေးအစီအစဉ်အတိုင်း ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီနှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ခင်ခင်မာ