ညောင်တုန်းမြို့နယ်၌ အသက် ၆၅ နှစ်အထက်ရှိပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ညောင်တုန်း  ဩဂုတ်  ၁

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အသက် ၆၅ နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။

ညောင်တုန်းမြို့နယ်အတွင်း အသက်၆၅နှစ်အထက်ရှိပြည်သူများအား ကာကွယ်ဆေးထိုးနှံပေး ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တစ်မြို့နယ်လုံး အတွက် ပထမအကြိမ်ရရှိထားသည့် sinopharm အမျိုးအစား ဆေးအလုံး(၅၀၀)အား စုရပ် ၃ ခုဖြစ်သော ညောင်တုန်းမြို့ အ‌မှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဆားမလောက် အခြေခံပညာအထက်တန်းကျောင်းနှင့် ချောင်းကြီးအ‌ခြေခံပညာအထက်တန်း‌ကျောင်းတို့တွင် ပထမအသုတ်အနေဖြင့် ဆေးထိုးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး နံနက်၉နာရီမှ ညနေ ၃နာရီအထိ ကာကွယ်‌ဆေး  ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြီးကြပ်ကြည့်ရှုခဲ့ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)