ပင်လောင်းမြို့နယ်တွင် အသက် ၆၅ နှစ်အထက် မိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိ

ပင်လောင်း   ဩဂုတ်   ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် မိဘပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  ယမန်နေ့က စတင်ထိုးနှံပေးခဲ့ရှိကြောင်း သိရသည်။

အမှတ်()အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပင်လောင်းမြို့ပေါ် ၁၀ ရပ်ကွက်အတွင်းရှိ အသက် ၆၅ နှစ်အထက် မိဘပြည်သူ(၂၄၂) ဦးအား ဇူလိုင် ၃၀ ရက် နံနက် နာရီမှ ညနေ နာရီအထိ  ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာ များမှ အသက် ၆၅ နှစ်အထက် မိဘပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။

ကာကွယ်ဆေးများကို အမှတ်()အခြေခံပညာအထက်တန်းကျောင်းခန်းမ၊ နောင်တရားမြို့ နောင်တရားအထကတွင်လည်းကောင်း တီကျစ်အထကတွင်လည်းကောင်း၊ ပေါင်းလောင်းလုံးကဲ အမကတွင် လည်းကောင်း သတ်မှတ်သည့် နေ့ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ပြီး၊ ကာကွယ်ဆေးထိုးနှံသည့်အစီအစဉ်အရ  ကာကွယ်ဆေးပုလင်း(၂၁၃၈) လုံးခွဲဝေရရှိရာ တစ်လုံးလျှင် နှစ်ဦးထိုးနှံနိုင်သဖြင့် ပထမအကြိမ်အတွက်(၁၀၆၉)ဦး နှင့်ဒုတိယအကြိမ် အတွက်(၁၀၆၉)ဦး  စုစုပေါင်း မိဘပြည်သူ ၂၁၃၈ ဦးအား ဆေးထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)