သတင်းများ

နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ငွေရည်ပုလဲကုမ္ဗဏီမှ ကိုဗစ်-၁၉ကာကွယ်ဆေးတားဆီးနိုင်ရေး ကျန်းမာရေးပစ္စည်းများ ထောက်ပံ့လှူဒါန်း
Jul 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ငွေရည်ပုလဲကုမ္ပဏီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေး ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့ညနေ ၄နာရီအချိန်က အဆိုပါ ပြည်သူ့ဆေးရုံ၌ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ အသက် ၆၅ နှစ်အထက်ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Jul 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  နောင်ချိုမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅)နှစ်အထက် သက် ကြီးဘိုးဘွားများအား နောင်ချိုမြို့ မြို့နယ်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မိုင်းငေါ့မြို့တွင် အသက်(၆၅)နှစ်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jul 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်က မိုင်းငေါ့တိုက်နယ်ကျန်းမာရေးဌာန တွင်ဆောင်ရွက်ခဲ့ပါသည်။
ဒေးဒရဲမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအားစုရပ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jul 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇူလိုင်လ ၂၉ ရက်နံနက် ၈ နာရီက  စတင်ထိုးနှံပေးခဲ့ပြီး ယနေ့နံနက် ၈နာရီက ဆေးထိုးစုရပ်( ၃ ) နေရာတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း
Jul 31,2021

မိုင်းဆတ်ခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု၊ Oxygen Plant တည်ဆောက်မည့် အခြေအနေနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တွေ့ဆုံမေးမြန်းထားပါသည်-

တာမွေမြို့နယ်တွင် အောက်ဆီဂျင်ဓာတ်ငွေ့များ အခမဲ့ဖြန့်ဝေပေးလျက်ရှိ
Jul 31,2021
ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ပြည်သူများ အောက်ဆီဂျင်ဓာတ်ငွေ့ လုံလောက်စွာ မရရှိမှု ကြောင့် အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း အောက်ဆီဂျင် ဖြန့်ဖြူးပေး နိုင်ရေး ဦးစီးကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များ နှင့် လူမှုကူညီရေး အသင်းဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)တွင် (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုးများနှင့် (၂၀)လီတာဆံ့ အောက်ဆီဂျင်အိုးများကို အောက်ဆီဂျင် အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့၌ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးပေးသည့် ဒုတိယမြောက်နေ့တွင် ဆေးလာရောက်ထိုးနှံသူများပြား
Jul 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ယနေ့နံနက် ၁၀ နာရီအချိန်ကစ၍ မြို့ကျက်သရေဆောင်ခန်းမနှင့် အမှတ် ၈ ရပ်ကွက်ရှိ ကွန်ဖြူးရှပ်ကျောင်းတို့၌  စုရပ် ၂ နေရာခွဲ၍ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး‌နေ သည့် ဒုတိယမြောက်နေ့တွင် ဆေးလာရောက်ထိုးနှံသူ များပြားကြောင်းသိရသည်။
ရေဖြူမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်
Jul 31,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်အတွင်း စုရပ် (၃) နေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား စုရပ်များတွင် ဩဂုတ် (၁)ရက် နေ့နှင့်(၂)ရက်‌​နေ့၊ နံနက် (၈)နာရီမှ နေ့လည်(၂)နာရီအထိ လူမျိုးဘာသာမရွေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။