မင်းပြားမြိုနယ်တွင် အခြေခံလူတန်းစားများအား (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 08,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများနှင့်အသက် (၆၅)နှစ်ထက်သက်ကြီး ရွယ်အိုများနှင့်အငှားယာဉ်မောင်နှင်သူများအား လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်စုရပ်နေရာများထားရှိပြီး ယနေ့ နံနက်၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ကျန်းမာ ရေး ဝန်ထမ်းများက (Sinopharm) ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေး လျက် ရှိကြောင်း သိရသည်။