ဇလွန်မြို့နယ်တွင် အောက်ဆီဂျင်လိုအပ်နေသောလူနာများအား အောက်ဆီဂျင်အခမဲ့ဖြန့်ဝေပေး နိုင်တော့မည်
Aug 07,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင်လိုအပ်နေသောလူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန် အလှူရှင်များစုပေါင်းမတည်လှူဒါန်းသော အောက်စီဂျင်ဖြည့်တင်းစက်သည် ယနေ့ နံနက်ပိုင်းတွင် အောက်ဆီဂျင်စက်ထားရှိမည့် နေရာသို့ရောက်ရှိခဲ့ပြီး အောက်ဆီဂျင်စက် နေရာချထားမှုအား တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပရဟိတအဖွဲ့များက ကူညီဆောင်ရွက် ပေးခဲ့ကြသည်။