သာစည် ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဩဂုတ် ၇ ရက်ထိ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံ ပြီးသူ ၃၃၀၈ ဦးရှိပြီ ဖြစ်ကြောင်းနှင့် ယနေ့ နံနက်ပိုင်းက ညောင်ရမ်းတိုက်နယ်ကျေးရွာများမှ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား ညောင်ရမ်းအခြေခံပညာအထက်တန်းကျောင်း၌ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်စေရန်နှင့် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဖြစ်စေရန် ဆောင်ရွက်ပြီး မကျီးခွ၊မကျီးရိုး၊သနပ်ကန်၊ဇီးတောအိုင်၊သူကောင်းကုန်းနှင့်ပေါက်တော စသည့်ကျေးရွာအုပ်စုများ မှ ကာကွယ်ဆေးထိုးမည့်သူများအား ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် Volunteer ပူးပေါင်း၍ ကိုယ်အပူချိန်တိုင်းတာခြင်း၊ အောက်ဆီဂျင်တိုင်းခြင်းနှင့်သွေးပေါင်ချိန်ခြင်းများကို ဆောင်ရွက်ပြီး စနစ်တကျထိုးနှံပေးကာ ဆေးထိုးနှံပြီးသူများ နာရီဝက်နားနေနိုင်ရန်နေရာများ ဆောင်ရွက်ထားရှိ ခြင်းများ၊လုံခြုံရေးဆောင်ရွက်ထားမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင် များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်တွင် ဇူလိုင် ၃၁ ရက်က စတင်၍ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာ တော်များနှင့် Volunteer များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၇ ရက်ထိမြို့ပေါ် ၇ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၂၉ အုပ်စုတို့မှ ကာကွယ်ဆေးထိုးနှံပြီးသူ ၃၃၀၈ ဦးရှိကြောင်းသိရ
သည်။
ထွန်းထွန်း