မြောက်ဦး ဩဂုတ် ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်အထက်သက်ကြီး ရွယ်အိုများနှင့်မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ကျေးလက်နေပြည်သူများအား ကာကွယ်ဆေး ထိုးနှံရန် စုရပ်နေရာများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းအစည်း အဝေးခန်းမ၊ တိန်ညိုတိုက်နယ် ကျေးလက်ကျန်းမာရေးဌာနနှင့် မြောင်းဘွေတိုက်နယ် ကျေးလက် ကျန်းမာရေးဌာနများရှိ သတ်မှတ်စုရပ်နေရာထားရှိပြီး လတ်တလော အသက်ရှုလမ်း ကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းအား ယနေ့ နံနက် ၉ နာရီမှ ၁၂ ထိနောက်ဆုံးနေ့အဖြစ် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထုတ် ((Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား အသက်(၆၅)နှစ်ထက် သက်ကြီး ရွယ်အို အဘိုး/အဘွားများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ကူးစက်ရောဂါကြောင့် သေဆုံးမှုနှုန်းလျော့ချနိုင်ရန်၊ ကိုဗစ်-၁၉ ကူးပြန့်ပွားမှု အား ကြိုတင်ကာကွယ်တားဆီးလျော့ချနိုင်ရန်အတွက် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆေးများအား သတ်မှတ်စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထို့နောက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ကြသည့် ရဟန်းရှင်လူပြည်သူများ၊ကျေးလက်နေပြည်သူများ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့်စေတနာ့ဝန်ထမ်း Volunteer များအား လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် (Sinopharm) ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံပေး လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်အနားယူစေ ခြင်းများအား ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မြောက်ဦးမြို့နယ်အတွင်း (Sinopharm)ကိုဗစ်-၁၉ ကာကွယ် ဆေး အလုံးရေ (၃၂၇၀)လုံးရရှိပြီး ယနေ့ထိ စုစုပေါင်း ကာကွယ်ဆေးထိုးနှံမည့်သူ (၆၅၄၀) ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရ သည်။
ခင်မောင်ထွန်း