သံဖြူဇရပ်မြို့နယ်၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို(၁၀)ရက်မြောက်နေ့အဖြစ်ဆက်လက်ထိုးနှံ

သံဖြူဇရပ်   သြဂုတ်   ၈

 မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိရာယနေ့နံနက်၉နာရီကကာကွယ်ဆေးထိုးနှံသည့်စုရပ်၅နေရာ၌(၁၀)ရက်မြောက်နေ့အဖြစ်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ဝန်ထမ်းမိသားစုများ၊ စျေးရောင်းချသူများ၊ ကာကွယ်ဆေးလုံးဝ မထိုးနှံရသေးသော ပြည်သူ့များအား ကာကွယ်ဆေးထိုးရန် စုရပ်()နေရာတို့၌ ပါးစပ်နှင့်နာခေါင်းစည်း Maskကိုအသစ်လဲလှယ်ပေးခြင်း၊လက်ကိုစနစ်တကျဆေးကြောစေခြင်းစသည့်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီစနစ်တကျဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတာဝန်ရှိသူတစ်ဦးထံမှသိရသည်။

သံဖြူဇရပ်ပြန်/ဆက်