ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ မိဘမဲ့ဂေဟာများအတွက် စားသောက်ကုန် များထောက်ပံ့ပေးအပ်

လားရှိုး    ဩဂုတ်၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ လားရှိုးမြို့ရပ်ကွက်(၁)၊ နယ်မြေ(၉)အတွင်းရှိ ခါနန် AG လူမျိုးပေါင်းစုံအလင်းအိမ်မိဘမဲ့ဂေဟာနှင့် တာပုံကျေးရွာရှိ ချစ်ခြင်းမေတ္တာ မိဘမဲ့ဂေဟာသို့ ယနေ့နံနက်(၁၀)နာရီအချိန်က သွားရောက်၍ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များပြားလာခြင်းကြောင့် မိဘမဲ့ဂေဟာများ စားဝတ်နေ ရေးအဆင်ပြေစေရန်အတွက် မိဘမဲ့ဂေဟာများအတွက်ထောက်ပံ့လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း နှင့်တာဝန်ရှိသူများက ခါနန် AG လူမျိုးပေါင်းစုံအလင်းအိမ်မိဘမဲ့ဂေဟာအတွက် ဆန်(၇)အိတ်၊ ဆီ(၃)ပုံး၊ ကြက်သွန်နီ(၂)အိတ်၊ ကြက်ဥ(၃၀၀)လုံး၊ အာလူး(၁)အိတ်အားလည်းကောင်း၊  ချစ်ခြင်းမေတ္တာ မိဘမဲ့ဂေဟာ အတွက် ဆန်(၁၀)အိတ်၊ ဆီ(၃)ပုံး၊ ကြက်သွန်နီ(၂)အိတ်၊ ကြက်ဥ (၃၀၀)လုံး၊ အာလူး(၂)အိတ်၊ အဝတ်အထည် များအားလည်းကောင်း ထောက်ပံ့ပေးအပ်ရာ ဂေဟာတာဝန်ခံများကလက်ခံရယူပေးခဲ့ကြောင်းသိရသည်။

                                                                                                                                                                                                       ဥမ္မာချို