ဆိပ်ဖြူ သြဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး၊ ဆိပ်ဖြူမြို့နယ်အတွက် သြဂုတ်လ ၇ ရက်နေ့နေ့လယ် ၁၂ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ယူရရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်သည်။
အဆိုပါပေးအပ်ရာတွင် မြို့နယ်ကိုဗစ် ၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်အေးက ဆိပ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံ၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထူးမြတ်နှင့် တာဝန်ရှိသူများထံ ဆိပ်ဖြူမြို့နယ်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ကူညီ ထုတ်ယူရရှိ သည့် Oxygen Cylinder 40L(၁၀)လုံး နှင့် Regulator ဆက်စပ်ပစ္စည်းများအား အရေးပေါ်ဖြစ်ပေါ်လားမည့် ကိုဗစ် ၁၉ လူနာများနှင့် ဆေးရုံတွင် အောက်ဆီဂျင်လိုအပ်နေသည့် လူနာများအတွက် အရေးပေါ် အသုံးပြုနိုင် ရန် ထောက်ပံ့ပေးမှုအား လွှဲပြောင်းပေးအပ်ကြောင်း သိရှိရသည်။
ကိုမျိုး (ယောဧရာ)