သတင်းများ

မာန်အောင်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်
Aug 11,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask  Campaign လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၈နာရီက မြို့မစည်ပင်သာယာစျေး၌ Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြင်စလူမြို့တွင် Covid-19 ရောဂေါ ကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်
Aug 11,2021
ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် ၊ ပြင်စလူမြို့  မြို့ပေါ်ရပ်ကွက်များအတွင်း မိဘပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရန်အတွက် ကလိုရင်းပိုးသတ် ဆေး ဖြန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် (၈)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
မြဝတီမြို့၌   ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလိုက်လံနှိုးဆော်
Aug 11,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြင့် ဆောင် ရွက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ လူစည်းကားရာ နေရာ များတွင် မြဝတီခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ဝန်ထမ်းများက လိုက်လံအသိပညာပေးနှိုးဆော်ခဲ့သည်။
မိုင်းပျဉ်းမြို့ ၌လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးTalk Showဆောင်ရွက်
Aug 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးTalk Show ကို မြို့နယ်ပြန်//ဆက်ဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဩဂုတ် ၁၀ရက် နံနက်၁၀နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုးညှင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 11,2021
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင် ကျောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် အသက်ကြီးသူများ၊ Volunteer/ ပရဟိတအဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများအား သြဂုတ် (၁၀)ရက် နံနက်(၉)နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပူတာအိုမြို့နယ်၌ နယ်စပ်ရေးရာ၀န်ကြီးဌာန၏ခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်သည့် စနီခ ချောင်းကူးသံကူ ကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Aug 11,2021
နယ်စပ်ရေးရာ၀န်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသများလမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ဆွမ်ပီယာန်ကျေးရွာအုပ်စုအတွင်း ၂၀၂၀- ၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင် စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆွမ်ပီယာန်-အင်စီယာန်ကျေးရွာသို့ဆက်သွယ်ထားသောလမ်းမပေါ်ရှိ စနီခချောင်းကူး သံကူကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းမှာ ယခုအခါရာခိုင်နှုန်းပြည့် လုပ်ငန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပူတာအိုခရိုင်ဖွံ့ဖြိုး မှုကြီးကြပ်ရေးရုံးမှသိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများ လိုက်လံထောက်ပံ့ပေး
Aug 11,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အမှန်တကယ် လိုအပ်နေသော မီးသင်ချိုသောအဖွဲ့အား PPE ဝတ်စုံအပါအဝင် အခြား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့က လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖာပွန်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုး(၈)ဦး ထပ်မံတွေ့ရှိသည့်အတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 11,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်ကိုဗစ်-၁၉ရောဂါပိုး (၈)ဦးထပ်မံတွေ့ရှိသည့် အတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ လူသွားလူလာများသည့် နေရာများတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။