ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ခြင်းများဆောင်ရွက်
Aug 11,2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်ကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်မှုမခံရစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက ရပ်ကွက်များအတွင်းနှင့်ယာယီပျံကျဈေးသို့သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။