ကရသူရိ သြဂုတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင်၊ ကိုဗစ်−၁၉ရောဂါကြိုတင် ကာကွယ်ရေးအတွက် အခြေခံစားသောက်ကုန်အရောင်းဆိုင်များနှင့် စျေးရောင်း/စျေးဝယ်သူများ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးအသိပေးခြင်းကို တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီက အမှတ်(၁)ရပ်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဆိုင်အတွင်း စျေးရောင်းချရာတွင် နှာခေါင်းစည်း(Mask)ကို တပ်ဆင်ပြီးမှသာ ရောင်းချရေး၊ အခြေခံ စားသောက်ကုန်စျေးဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင်များနှင့် ဆေးဝါးပစ္စည်း အရောင်းဆိုင်များသာ ဖွင့်လှစ်ရောင်းချကြရန်၊ မလိုအပ်သည့်စျေးဆိုင်များနှင့် ကွမ်းယာဆိုင်များ ယာယီပိတ်သိမ်း ထားကြရန်၊ စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)ပါမှသာရောင်းချရေး၊ အိမ်တစ်အိမ်တွင် လူတစ်ဦးသာ လာရောက် စျေးဝယ်ကြရန်နှင့် အပြင်ထွက်ခွာတိုင်း(Mask)တပ်ဆင်ကြရန်တို့ကို အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိ (ပြန်/ဆက်)