ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ အခြေခံလူတန်းစားများအတွက် အခြေခံ စာသောက်ကုန်များထောက်ပံ့လှူဒါန်း

ရသေ့တောင် သြဂုတ် ၂၂

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး ခက်ခဲနေသော လက်လုပ်လက်စား အခြေခံလူတန်းစားများအတွက် ငွေကျပ်()သိန်းကျော် တန်ဖိုးရှိ အခြေခံစားသောက်ကုန်များအား ရသေ့တောင်လူငယ်များ အဖွဲ့အစည်း Rathedaung Youths Association (RYA) မှ ယနေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပေးရာတွင် ရသေ့တောင်လူငယ်များအဖွဲ့အစည်း Rathedaund Youths Association (RYA) အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ စားဝတ်နေရေးခက်ခဲနေသော လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စု(၂၀၀)စုအတွက်  အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ကြက်ဥ၊ ကြက်သွန်များအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးဝေလှူဒါန်းပေးခဲ့သည်။

ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးခက်ခဲနေသော လက်လုပ်လက်စား အခြေခံလူတန်းများအတွက် လုပ်ငန်းရှင်များ၊ စေတနာရှင်ပြည်သူ များနှင့် လူမှုရေးပရဟိတအဖွဲ့အစည်းများမှ အခြေခံစားသောက်ကုန်များအား တစ်ပိုင် တစ်နိုင် ထောက်ပံ့လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်စံထွန်း