သတင်းများ

ဂွမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိုဘိုင်းစနစ်ဖြင့် ကြပ်မတ်စစ်ဆေး ပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Aug 23,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိရောက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ဦးဆောင်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းနှင့် မြို့နယ်ရဲတပ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းရေးအဖွဲ့သည် သတ်မှတ်စည်းကမ်း များနှင့်အညီ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ထုတ်ပေးထားသည့် တစ်အိမ်ထောင် လျှင် တစ်ဦးသာ အိမ်အပြင်ထွက်ကတ်ဖြင့် သွားလာရန် မိုဘိုင်းစနစ်ဖြင့် နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် လူအများသွားလာမှု များသည့် နေရာများတွင် အရှိန်အဟုန်မြှင့် စိစစ် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိ
Aug 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီးထိရောက်စွာ ကုသထိန်း ချုပ်နိုင်ရန် ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ယနေ့ နံနက်ပိုင်းမှစ၍ရပ်ကွက် နှင့်ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့ ၊ အောင်ချမ်းသာဘုရား၊ ဓမ္မာရုံ တွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့၌ပရိတ်တရားတော်များ ရွတ်ဆိုပူဇော်
Aug 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ အောင်ချမ်းသာဘုရား၊ ဓမ္မာရုံ၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ယမန်နေ့ ည​နေ ၃နာရီ ၃၆ မိနစ် အချိန်က ဆရာတော် သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်ခဲ့ကြသည်။
မောင်‌တော၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း(၄၅၁)ဦး ရှိပြီဖြစ်
Aug 23,2021
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသ ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ပိုးတွေ့ ရှိသူများအနက်မှ ​၁ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ကြောင်း သိရသည်။
ပင်လုံမြို့ မြို့မဈေး၌ ကိုဗစ်-၁၉ စည်းကမ်းချက်များကို မလိုက်နာသူများအား အရေးယူခြင်းဆောင်ရွက်
Aug 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါကာကွယ်ရေး စည်းကမ်းချက်များကိုလိုက်နာခြင်း မရှိသူများအား ဒဏ်ငွေရိုက်အရေးယူမှုများ ပြုလုပ်ခဲ့ ပါသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုးကုတ် Quarantine Center သို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Aug 23,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုး တက်ရေးဦးစီးဌာနမှ မိုးကုတ် Quarantine Center သို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်း များနှင့် စားသောက်ကုန်များကို ယမန်နေ့က သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် အောက်ဆီဂျင်လုံလောက်စွာ ထုတ်လုပ်နိုင်တော့မည်ဖြစ်
Aug 23,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ တွင် လိုအပ်သည့် အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး အတွက် ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်ထားသည့် အောက်ဆီဂျင်စက်ရုံ (၁)ရုံ၊ ပြည်နယ်အစိုးရအဖွဲ့ထံသို့ စေတနာရှင်များမှ လှူဒါန်းသည့် ကိုဗစ်-၁၉ လှူဒါန်းငွေ ဖြင့် ဝယ်ယူသည့် Oxygen Mobile Plant (၁) လုံး၊ ဘားအံမြို့သူ/မြို့သား အောက်ဆီဂျင်ဖြစ်မြောက်ရေးအဖွဲ့မှ ဘားအံမြို့သူ /မြို့သားများမှ စုပေါင်းလှူဒါန်း ငွေဖြင့်ဝယ်ယူ ထားသည့် Oxygen Mobile Plant (၁) လုံး ဖြင့် အောက်ဆီဂျင်များ (၂၄) နာရီ အခမဲ့ထုတ်လုပ်ပေး နိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။
ပုလောမြို့နယ်၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့၌ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်
Aug 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ နှစ်ကျိပ်ရှစ်ဆူဂန္ဓကုဋိကျောင်းတော်ကြီး၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ယမန်နေ့ ညနေ (၃.၃၆)နာရီက ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်ခဲ့ကြသည်။