တံတားဦမြို့နယ် မြို့ပေါ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

တံတားဦး ဩဂုတ်  ၂၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြို့ပေါ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည် ။

ထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းပွဲတွင် တံတားဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အမှာစကား ပြောကြားရာတွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါကြောင့် ရက်ရှည်စွာ အစိုးရရုံးဌာနများ အနေဖြင့် ရက်ရှည်စွာပိတ်ထားပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များအား သိရှိနိုင်စေရန်နှင့် ဝန်ထမ်းများအနေဖြင့် ရောဂါကြိုတင်ကွယ်နိုင်ရန် မလိုအပ်ပါက နေအိမ်မှ အပြင်မသွားကြရန်၊ မဖြစ်မနေ သွားလာရမည်ဆိုပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ကြရန် ၊ လက်ကိုမကြာခဏ ဆေးကြောရန်၊  လူစုလူဝေးများ မပြုလုပ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆)ပေအကွာမှ ပြောဆိုနေထိုင်ကြရန် အစရှိသည့် တိတိကျကျ လိုက်နာကြရန် ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ကေသီရွှေက မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အကြောင်းကိုရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် တာဝန်ရှိသူများက  မြို့ပေါ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ(၃၃)ဦးအား တစ်ဦးလျှင် ကြက်ဥ အလုံး( ၂၀ )စီနှင့် ဆီ(၁)ပိဿာနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။   

ရဲတင့်(တံတားဦး)