စဉ့်ကူးမြို့တွင် ကိုဗစ်- ၁၉ ရောဂါပိုး စစ်ဆေးရာ ၁၃ ဦး ထပ်မံတွေ့ရှိ

စဉ့်ကူး  ဩဂုတ်    ၂၂        

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်  ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ သံသယလူနာ ၁၈၆ ဦးကို စစ်ဆေးရာ  ၁၃ ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။   

အဆိုပါ ပိုးတွေ့ လူနာများမှာ  အမျိုးသား   ၁၁  ဦးနှင့် အမျိုးသမီး ၂  ဦးတို့ဖြစ်ပြီး  ယနေ့အချိန်အထိ  မြို့နယ်အတွင်း စုစုပေါင်းပိုးတွေ့  (၉၇၇) ဦး၊ လက်ရှိမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသသူ  ၁၂၀ ဦး၊  စုစုပေါင်း ဆေးရုံဆင်း (၈၁၁)ဦး၊ စုစုပေါင်းလွှဲပြောင်း ၁၅  ဦး စုစုပေါင်းသေဆုံး ၃၁ ဦး ရှိပြီဖြစ်ကြောင်း  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

မြို့နယ်( ပြန်/ဆက်)