သီပေါမြို့နယ်တွင် အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသော ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးကွင်းဆင်းစစ်ဆေး
May 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသောဆေးများနှင့် ထုတ်လုပ်ခွင့်လိုင်စင်ထုတ်ယူခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။