သတင်းများ

စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက် ထိုးနှံ
May 25,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း / တောင်ရပ်ကွက်၊ ဟံသာဝတီ လမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယနေ့ နံနက် (၉) နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ (၃၂) ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ (၉၉) ဦးနှင့် တတိယအကြိမ် Booster Dose ထိုးနှံသူ (၁၄၃) ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံသူ (၂၇၄) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်မြို့နယ်၌ ပေါက်-ပခုက္ကူသွား ကားလမ်းမကြီးပေါ်မန်ကျည်းပင် လဲပြိုကျနေမှုအား ခုတ်ထွင်ရှင်းလင်း
May 25,2022
 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ယမန်နေ့ညနေ ၆နာရီခွဲ အချိန်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် ရွှေပေါက်ပင်ရပ်ကွက်၊ ပေါက်-ပခုက္ကူသွား ကားလမ်းမကြီးပေါ်၌ မန်ကျည်းပင် လဲပြိုကျခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့ နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
ပုလောမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေပေးအပ်
May 25,2022
ပုလောမြို့နယ် ပြင်ဘုကြီးကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ လေးဘေးသင့်ကာ ခေါင်မိုးလန်ခဲ့သောနေအိမ်အား ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယမန်နေ့မွန်းလွဲ(၁၂) နာရီခွဲအချိန်ခန့်က ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
ပုလောမြို့နယ် စံပြကျေးရွာတွင် လယ်ယာကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရန် လယ်ထွန်စက်(၁)လုံး ၅၀% ဖြင့် ရောင်းချပေး
May 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ စံပြကျေးရွာအတွက် လယ်ယာကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရန် လယ်ထွန်စက် (၁)လုံးကို ၅၀% ဖြင့် ယမန်နေ့ညနေက တောင်သူ (၁) ဦးအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 25,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ယမန်နေ့က စတင်ထုတ်ချေးပေးနေကြောင်းသိရသည်။  
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ကျင်းပခဲ့သည်။
ပုလောမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေး
May 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် မိုးရာသီကာလ၌ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပိုးလောက်လန်းစစ်ဆေးခြင်းနှင့်ခြင်  ခိုအောင်းနိုင်သည့်နေရာများအား ဆေးဖျန်းခြင်းကို  ယမန်နေ့ ညနေ ၂ နာရီ ပုလောမြို့ အမှတ် ၂ ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မင်းတုန်းမြို့နယ်တွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်
May 25,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကြို့ကုန်း၊ မအူဒိုင်းနှင့် မိုးကောင်း ကျေးရွာတို့တွင် ယမန်နေ့နံနက် ၁၀ နာရီက ဓါတ်အားပို့လွှတ်ခြင်းနှင့် ကြို့ကုန်းရွာတွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူး မင်းအောင်ကျော်လင်း၊ မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။