သတင်းများ

သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်
May 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများမဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန် က မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် အမှတ်(၂)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း (၅၇လမ်းထိပ်) တွင် မြို့နယ် EO ရုံးမှ EO ဦးဆောင်၍ မြို့နယ်စည်ပင်သာယာဝန်ထမ်းများမှ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် Booster CoviShield ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
May 25,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉:၀၀ နာရီက မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီစုရပ်ဆေးထိုးစင်တာ၊ ရွှေပေါက်ကံဒေသန္တရဆေးခန်းနှင့် “က” စျေးဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး ဗီနိုင်း၊ ပိုစတာများ ကပ်ထားကြေညာ
May 25,2022
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကလေးသူငယ်များသည် နောင်တစ်ချိန်တွင် မိမိတို့နိုင်ငံ၏ နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်နှင့်အညီ အသိဉာဏ်ပညာ ဗဟုသုတပြည့်စုံကြွယ်ဝသော နိုင်ငံ၏ ခေါင်းဆောင်ကောင်းများဖြစ်လာစေရေး၊ မြန်မာနိုင်ငံတွင် စာမတတ်သူ ပပျောက်စေရေးနှင့် ကျောင်းနေအရွယ် ကလေးများအားလုံး ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသား ဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမပြုလုပ်ဘဲ အခွင့်အရေးတူညီစွာဖြင့် ပညာသင်ယူခွင့်ရရှိစေရေးအတွက် ရည်ရွယ်၍ “ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက ၂၀၂၂-ခုနှစ် မလ(၂၆) ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ကြေညာထားကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်ခြင်းကြောင့် ရပ်ကွက်များအတွင်း ရေကြီးရေလျှံဖြစ်ပေါ်ခြင်းနှင့် သစ်ပင်ပြိုလဲမှုများဖြစ်ပွား
May 25,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့နေ့လယ် ၂နာရီအချိန် က မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများနှင့် သစ်ပင်ပြိုလဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်စေရေး လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
May 25,2022
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ(၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မိမိတို့တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ် တည်းခိုနေထိုင်ကြမည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံစွာဖြင့် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ သွားရောက်လည်ပတ် နိုင်ရေး တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ သွားလာလည်ပတ်စရာ ခရီးစဉ်နေရာများကို ပြည်တွင်း/ပြည်ပ ခရီးသွားများ စိတ်လက်အပန်းဖြေ လာစေချင်စဖွယ်ဖြစ်အောင် သန့်ရှင်းသပ်ရပ်မှုနဲ့ ခရီးသွား လုပ်ငန်း ပြန်လည်ရှင်သန်လာရေး ခရီးသွားများ ယုံကြည်စိတ်ချစွာ တည်းခိုနေထိုင်ရေး တို့အတွက် နယ်မြေဒေသအခြေအနေအရ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များနဲ့ ခရီးသွားတက်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွား လုပ်ငန်းကိုယ်စားလှယ်များ၊ ခရီးသွားနဲ့ ဆက်စပ်တဲ့ ဌာနဆိုင်ရာများအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
​ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာန၌ မုန်တိုင်း​ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်
May 25,2022
စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုမြို့တွင် မုန်တိုင်း​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို မေ ၂၅ရက် နံနက်၁၁နာရီက  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   လူထုအခြေပြုဌာန (Community Centre)  ခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
May 25,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူလူထုအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
May 25,2022
၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မေလ(၂၄) ရက်နေ့ ညနေပိုင်းက  မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။