ရေဖြူမြို့နယ်၌ ကွမ်းသီးအရည်သောက်အနုသီးများ ဝယ်ယူသူများ၍ ဈေးကောင်းရရှိ
May 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်သည် နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းသီး ပင်သည် မတ်လမှမေလအတွင်း၌ စတင်အပွင့်ပွင့်ပြီး အသီးကင်းနုများစတင်ထွက်လေ့ရှိရာ ပုံမှန်အားဖြင့် အသီးရင့်မှည့်ချိန်မှသာ ခူးယူခြင်းနှင့် ကြွေကျအသီးများအားလိုက်လံကောက်ယူပြီး အလုံးလိုက်ရောင်းချခြင်း၊ ခွဲခြမ်းခြောက်များရောင်းချခြင်းရှိခဲ့သော်လည်း ယခုနှစ်များတွင် ကွမ်းသီးအရည်သောက်အနုသီးများ လိုက်လံဝယ်ယူမှုများရှိလာရာ ဈေးကောင်းရရှိ၍ကွမ်းသီးခြံရှင် ဒေသခံတောင်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။