ရွှေဘို မေ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို မေ ၂၅ရက် နံနက်၁၁နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
မုန်တိုင်းဘေအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show တွင် ရွှေဘိုခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချောစုဝင်းက မုန်တိုင်းဘေးအန္တရာယ်သည် မိုးကြိုကာလနှင့် မိုးနှောင်းကာလများတွင် ခံစားရလေ့ရှိပြီး မုန်းတိုင်းကြောင့် လူ့အသက်၊ အိုးအိမ်များ ထိခိုက်ပျက်စီးစေနိုင်သည့် အန္တရာယ်ရှိသော်လည်း အခြားတဖက်၌ မုန်တိုင်းကြောင့် လူအများအလွန်အရေးပါသည့် မိုးရေရရှိစေကြောင်း၊ မုန်းတိုင်းဘေးဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ထားရမည့်အချက်၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမြင့်စန်းနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချောစုဝင်းတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်