သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက္ကသိုလ်/ဒီဂရီကောလိပ်များတွင် ကျောင်းသား/ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
May 25,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များတွင် ကျောင်းသား/ ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သဲကုန်းမြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြိုကာလတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေစေရေး၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ရရှိခံစားရစေရန် ရည်ရွယ်၍ သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ရှားပြင်ကြိုးဝိုင်း အကွက်အမှတ်(၅၀)၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
May 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ် (၁၂) ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင်
မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်ဝေဒနာရှင်များ စတင်ကုသနိုင်ပြီဖြစ်
May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်သွေးသန့်စင်ဌာနကို ဖွင့်လှစ်၍ ကျောက်ကပ်ဝေဒနာရှင်များကို ယနေ့ နံနက် ၉ နာရီက စတင်ကုသပေးနေပြီဖြစ်ကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စည်ပင်သာယာရေးလုပ်ငန်းများအား ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး
May 25,2022
ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ သက်ဆိုင်ရာ ခရိုင်/ မြို့နယ်ဌာနမှူးများနှင့်
ငပုတောမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစပါးစိုက်ပျိုးစရိတ်ချေးငွေ ဆက်လက်ထုတ်ချေးပေး
May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ မေလ ၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှစတင်၍ ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။
ငါးသိုင်းချောင်းမြို့၊ အ-ထ-က ၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ
May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ
May 25,2022
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်(၈)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီး၊ ရွာသာကြီး(အရှေ့ကွင်း) သစ်တောဝင်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်း သစ်ပင် စိုက်ပျိုးပွဲတော်အား ကျင်းပကြောင်းသိရသည်။