နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်  မေ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူလူထုအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်အတွင်း အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူလူထုအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး၊ ဆေးထိုးရာတွင် ကလေးငယ်များ ကျန်ရှိမှုမရှိစေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းပြီး ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နေပြည်တော်ကောင်စီအနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်က ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများကလည်း နေပြည်တော်အတွင်း အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူလူထုအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)